လုပ်ငန်းပုံစံ အယူအဆအပေါ် အာရုံစူးစိုက်ထားသည့် ပြဿနာများကို Osterwalder et al က (2005) တွင် ဖွဲ့စည်းထားသည့် အရာဝတ္ထုများ၊ ဆက်ဆံရေးများနှင့် သဘောတရားများ အမျိုးမျိုးဖြင့် လုပ်ငန်း၏ ပုံစံအမျိုးမျိုးကို ဖော်ပြရန်အတွက် သဘောတရားတူရိယာအဖြစ် တည်ထောင်ထားသည့် ဘုံစနစ်တစ်ခုအဖြစ် ဖန်တီးရန်အတွက် building block ကိုးခုကို အမျိုးအစားခွဲထားခဲ့သည်။ ထို့နောက် 2010 ခုနှစ်တွင် Business Model concept ကို BMC (Business Model Canvas) အဖြစ် building block ၉ ခု၏ ဆက်စပ်မှုနှင့် အသုံးပြုပုံတို့ကို လွယ်ကူစေရန်အတွက် ရုပ်ကားချပ် ဇယားအနေဖြင့် စာမျက်နှာ တစ်ခုထဲတွင် မြင်သင်မှုရှိအောင် ဆောင်ရွက်ခဲ့သည်။ (Peters, et al., 2013) ၏ Model အပေါ်အခြေခံ၍ Osterwalder သည် လုပ်ငန်းဆောင်ရွက်မှု၏ ကဏ္ဍလေးရပ်ကို အသုံးပြု၍ လုပ်ငန်းဆောင်ရွက်မှု၏ အသွင်အပြင်၊ အခြေခံ infrastructure စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးဆိုင်ရာ အရည်အသွေးများ နှင့် ထုတ်ကုန်များကို အသုံးပြုသည့် မော်ဒယ်လ်လုပ်ငန်းစဉ်တွင် နက်ရှိုင်းသော ခွဲခြမ်းစိတ်ဖြာမှုကို ပံ့ပိုးပေးရန်အတွက် လုပ်ကွက်များ၏ မူဘောင်တစ်ခုကို ဖန်တီးသည့် ontology ဖြင့် BMC ကို တီထွင်ခဲ့သည်။ ထို့အပြင် Osterwalder and Pigneur က 2010 တွင် Business Model Generations ဆိုတဲ့ စာအုပ်ထုတ်ဝေခဲ့ပြီး Business Model Canvas ကို အဖွဲ့အစည်း၏ ဦးနှောက်အဖြစ် လူသားများ၏ ဦးနှောက် ဖွဲ့စည်းမှုစနစ်ဖြစ်သော ဘယ်ဘက် ဦးနှောက်၏ logic အရ စဉ်းစားမှုနှင့် ညာဘက် ဦးနှောက်၏ emotion အရ စဉ်းစားမှုကို အခြေခံ၍ efficiency focus နှင့် value အဖြစ် ဘယ်ဘက်နှင့် ညာဘက် value proposition ကို ဗဟိုထား၍ ခွဲခြားသတ်မှတ်ခဲ့သည်။ Carter & Carter ၏ 2020 တွင် ပြုလုပ်ခဲ့သည့် လေ့လာမှုတွင် ဘယ်ဘက်ကို အဖွဲ့အစည်းအတွင်း infrastructure အတွက် စီမံခန့်ခွဲမှုနှင့် ညာဘက်ကို ပြင်ပ customers များနှင့် ချိတ်ဆက် ဆောင်ရွက်မှု အဖြစ် သတ်မှတ်ထားသည် ဟု အဆိုပြုခဲ့သည်။
References
Carter, M. & Carter, C., 2020. The Creative Business Model Canvas. Social Enterprise Journal, 16(2), pp. 141-158.
Osterwalder, A. & Pigneur, Y., 2010. Business Model Generation: A Handbook for Visionaries, Game Changers, and Challengers. 1st ed. New Jersey: John Wiley & Sons, Inc.
Osterwalder, A., Pigneur, Y. & Tucci, C. L., 2005. Clarifying Business Models: Origins, Present, and Future of the Concept. Communications of the Association for Information Systems, Volume 16, pp. 1-25.
Peters, F., Kleef, E. v., Snijders, R. & Elst, J. v. d., 2013. The Interrelation Between Business Model Components – Key Partners Contributing to a Media Concept. Journal of Media Business Studies ISSN:, 10(3), pp. 1-22.
0 Comments